၂ နှစ်ခွဲကြာအောင်စောင့်ခဲ့ရတဲ့ အင်တာဗျူးအောင်မြင်သွားတဲ့ ဥက္ကာမင်းမောင်
၂ နှစ်ခွဲကြာအောင်စောင့်ခဲ့ရတဲ့ အင်တာဗျူးအောင်မြင်သွားတဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်တစ်ယောက်ကတော့ မြန်မာနိုင်ငံရဲ့ Mister လောကမှာ နာမည်ကြီးတဲ့ မော်ဒယ်တစ်ဦးအဖြစ်ရပ်တည်လာခဲ့တာ ကြာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ခြင်းသိပ်မရှိပေမယ့် ရောက်ခိုက်မှာတော့ သူဝါသနာပါတဲ့အနုပညာအလုပ်တွေကို အချိန်ရရင် ရသလို လုပ်ကိုင်တာလည်းတွေ့ရပါတယ်။

သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ အနုပညာကိုအခြေခံပြီးတည်ဆောက်ထားတဲ့ ဝါသနာကြောင့် ရောက်လေရာအရပ်မှာလည်း အနုပညာကိုလုပ်ကိုင်ခွင့်ရရှိဖို့ကြိုးစားလေ့ရှိတာ တွေ့ရပါတယ်။ အမေရိက ရုပ်ရှင်လောကမှာလည်း ဝင်ရောက်နိုင်ဖို့အတွက် Audition ဝင်ရွေးခံထားတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ချစ်သူနဲ့အတူ သာယာအေးချမ်းပြီး နားလည်မှုအပြည့်ရှိတဲ့ Relationship လေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း LGBT တွေကိုလက်ခံလာပြီဖြစ်ပေမယ့် ဝေဖန်မှုအချို့နဲ့တော့ ရင်ဆိုင်နေရဆဲပါပဲ။ ဥက္ကာမင်းမောင်ဟာ အရင်အိမ်ထောင်ဘက်ဆုံးပါးသွားချိန်မှာ အမြဲနေထိုင်ခွင့်ရဖို့အတွက် အင်တာဗျူးဝင်ခွင့်ရဖို့ အချိန် (၂) နှစ်ခွဲစောင့်ခဲ့ရတာဖြစ်ပါတယ်။ ဒီအင်တာဗျူးဝင်ခွင့်လေးရသွားတာကြောင့် ဥက္ကာမင်းမောင်ကတော့ ဝမ်းသာနေခဲ့တာပါ။

အွန်လိုင်းမီဒီယာတစ်ခုရဲ့ ဖော်ပြချက်မှာ အမေရိကန်ရဲ့ရုပ်ရှင်လောကကို အခြေချခွင့်ရသွားတယ်ဆိုပြီး မှားယွင်းဖော်ပြထားတာကြောင့် ဥက္ကာမင်းမောင်က အင်တာဗျူးဟာ နေထိုင်ခွင့်အင်တာဗျူးအောင်မြင်တာဖြစ်တယ်လို့ ပြင်ဆင်ပေးထားတာတွေ့ရပါတယ်။

“သတင်းက တလွဲကြီး ဖြစ်နေတယ်.. တော်တော်လွဲတာ.. သတင်းအဖြစ်ကျွန်တော့် လှူပ်ရှားမှူ lifestyle လေးတွေကို ပရိတ်သတ်နဲ့အမြဲထိတွေအောင် ပြန်လည်ဖော်ပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ကျွန်တော်တင်ထားတဲ့ post ကရုပ်ရှင် အကြောင်းမဟုတ်ပါဘူး.. USCIS လို့လဲ check in ဝင်ထားပါတယ်..အရှည် ကောက်က United States Citizenship and Immigration Service ပါ.. ကျွန်တော့်ရဲ့ ဒီနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြား Permanent Resident Card အသစ်ရဖို့ အင်တာဗျူးဝင်တာ passဖြစ်တယ်လို့ရေးထားတာပါ.. ကျွန်တော့်အရင် အိမ်ထောင်ဟောင်းဆုံးသွားတော့ case ကပုံမှန်စုံတွဲတွေလို မဟုတ်ပဲ အင်တာဗျူးပြန်ဝင်ရပါတယ်..

အဲ့ဒီအင်တာဗျူးမယ့် ရက်ရဖို့ ဟိုနေ့ရနိုးနိုး ဒီနေ့ရနိုးနိုးနဲ့ စောင့်ခဲ့ရတာ ၂ နှစ်ခွဲ ရှိပြီမို့လို့ အဲ့ဒီအကြောင်းရေးထားတာပါ..မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း အနုပညာအလုပ်လဲ ဇောက်ချမလုပ်နိုင်ခဲ့တာ ဒီအင်တာဗျူးကို စောင့်နေတာကြောင့်လဲ ပါတယ်.. ပြောရရင်တော့ အရှည်ကြီးပါ.. ထားပါတော့.. ရုပ်ရှင်အကြောင်းမဟုတ်ပါဘူး…

ကျွန်တော်ဝင်အရွေးခံထားတဲ့ audition က အကြောင်းမကြားသေးပါဘူး.. စောင့်နေဆဲပါ.. သတင်းကမှားနေပေမယ့် audition အတွက် ကြိုတင်ပြီး ဆုတောင်းပေးလိုက်တယ်လို့ပဲခံယူပါတယ်.. ကံတရားအတိုင်းပါပဲ.. ပရိတ်သတ်ကြီးလဲအရွေးခံရပါစေလို့ ဆုတောင်းပေးကြဦးနော်..” လို့ ရှင်းပြထားပေးတာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဥက္ကာမင်းမောင်ရဲ့ အမေရိကရုပ်ရှင်လောကမှာအခြေချခွင့်ရဖို့ Audition အောင်မြင်ပါစေလို့ ဆုတောင်းပေးကြပါဦးနော်။We Love Cele

Photos-Ye Htoo Win

YOUR REACTION?