သူနာပြုဆရာမလေးတွေကို ဘဝလက်တွဲဖော် အဖြစ် ရွေးချယ်သင့်တဲ့ အချက် (၇) ချက်
သူနာပြုဆရာမလေးတွေကို ဘဝလက်တွဲဖော် အဖြစ် ရွေးချယ်သင့်တဲ့ အချက် (၇) ချက်

Burmese.asia

Media News & Entertainment

သူနာပြုဆရာမလေးတွေကို ဘဝလက်တွဲဖော် အဖြစ် ရွေးချယ်သင့်တဲ့ အချက် (၇) ချက်

သူနာပြု ဆရာမလေး တွေကို ချစ်သူ တော်ထားရတဲ့ ကောင်လေးတွေဟာ ကံအကောင်းဆုံး သူတွေ ဖြစ်ကြ ပါတယ်တဲ့ ။ ဘာလို့လဲ ဆိုတော့ သူနာပြု ဆရာမလေးတွေ ကပဲ အခုလို ဂုဏ်ပုဒ်လေးတွေ ပိုင်ဆိုင် ထားတာ ကြောင့်ပါ ။

(၁) သတ္တိရှိတယ်၊ ရဲရင့်တယ်

သူနာပြု ဆရာမလေးတွေက သတ္တိ ရှိတယ်၊ ရဲရင့်တယ် ၊ သူတို့ ချစ်တဲ့ သူတွေရဲ့ အခက်အခဲ တွေကို အတူတူ ရင်ဆိုင်ဖို့ အမြဲ အသင့် ရှိနေတဲ့ သူလေးတွေ ဆိုလည်း မမှားပါဘူး ။

(၂) ဘဝအတွက် အရေးကြီးတာတွေကို တန်ဖိုးထားတတ်တယ်

သူတို့ မျက်စိရှေ့မှာ နာမကျန်း ဖြစ်နေတဲ့ လူနာပေါင်း များစွာကို မြင်ခဲ့ဖူး တာကြောင့် လူတယောက်အတွက် ဂုဏ်ဒြပ်တွေက အရေး မကြီးတာကို ကောင်းကောင်း သိတယ်။ ဒါကြောင့် အရေးကြီးတဲ့ ချစ်ခြင်း မေတ္တာနဲ့ မိသားစုကို တန်ဖိုးထားတဲ့ သူလေးတွေ ဖြစ်ပါတယ် ။

(၃) စိတ်ရှည်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူး

သူနာပြု ဆရာမလေးတွေ စိတ်ရှည်တာ ကိုတော့ အထူးပြောစရာ မလိုပါဘူးနော် ။ လူနာ အပေါ်မှာ စိတ်ရှည် သလို ချစ်သူကိုလည်း စိတ်ရှည်မှာ အသေအချာ ပါပဲ ။

(၄) ကြင်နာတတ်သူလေး

နာမကျန်း ဖြစ်နေတဲ့ သူတွေ အပေါ်မှာ ကြင်နာရုံတင် မကပါဘူး၊ ချစ်တဲ့သူနဲ့ မိသားစု၊ သူငယ်ချင်းတွေကို ကြင်နာ တတ်တာလည်း သူနာပြု ဆရာမလေးတွေ ပါပဲ ။

(၅) ချစ်သူကို အကောင်းဆုံး ပံ့ပိုးပေး နိုင်သူ

သူနာပြုဆရာမ ဆိုတာကလည်း ဉာဏ် ရည်မြင့်မှ ဖြစ်နိုင်တာပါ။ ဉာဏ်ရည်မြင့်တဲ့ သူနာပြု ဆရာမလေးကို ပိုင်ဆိုင်ထား မှတော့ သူက သင့်ကို အောင်မြင်မှုတွေ ရအောင် ပံ့ပိုးပေး နိုင်မယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး ။

(၆) မိခင်ကောင်းတစ်ယောက်ဖြစ်မယ့်သူ

ကျန်းမာရေး စောင့်ရှောက်မှုတွေ ကျွမ်းကျင်တယ်၊ ကြင်နာ တတ်တယ်၊ စိတ်ရှည်တယ်၊ ဉာဏ်ရည်မြင့်တယ် … ဒီလို မိန်းကလေးက မိခင်ကောင်း မဖြစ်ရင် ဘယ်သူက ဖြစ်တော့မှာလဲနော် ။

(၇) အရေးပေါ် အခြေအနေတွေမှာ ဘယ်လို ဖြေရှင်းရမလဲ ကောင်းကောင်းသိတယ်

ရုတ်တရက် ဖြစ်လာတဲ့ လူမှုရေး ပြဿနာ၊ ကျန်းမာရေး ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်တာ ကလည်း သူနာပြုဆရာမ လေးတွေ ပါပဲနော် ။ အခြေအနေ အရပ်ရပ်မှာ ကောင်းကောင်း ကိုင်တွယ် နိုင်တဲ့သူလေး တွေပေါ့။

CRD
LoveShortNotes

Your email address will not be published. Required fields are marked *