ရိုက်ကွင်းမှာ မတော်တဆမှုကြောင့် အပြင်းစားဒဏ်ရာရရှိခဲ့တဲ့ ထက်ထက်ထွန်း - Burmese.Asia
ရိုက်ကွင်းမှာ မတော်တဆမှုကြောင့် အပြင်းစားဒဏ်ရာရရှိခဲ့တဲ့ ထက်ထက်ထွန်း - Burmese.Asia

Burmese.Asia

Burmese.Asia

မော်ဒယ်သရုပ်ဆောင် ထက်ထက်ထွန်း တစ်ယောက်ကတော့ ရိုက်ကွင်းမှာ မတော်တဆဖြစ်တာကြောင့် အကြီးစား ဒဏ်ရာ ရရှိသွားခဲ့ပါတယ် ။ ကျရာ ဇာတ်ရုပ်ကို ပြီပြင်အောင်သရုပ်ဆောင်ဖို့ ကြိုးစားရင်း အခုလိုဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ် ။ သူမ လူမှုကွန်ရက်လေးမှာတော့ သူမ ကြိုးစားခဲ့ပေမယ် အခုလို ဖြစ်ခဲ့ရလို့ သူညံ့လို့ ဖြစ်ရတာဖြစ်ကြောင်း ခုလိုစိတ်မကောင်းစွာ ရေးသားထားပါတယ် ။

တစ်ဖွဲ့သားလုံးအတွက် စိတ်မကောင်းဖြစ်သလို တောင်းပန်ပါတယ်နော် ထက်ညံ့ခဲ့လို့ ကြိုးစားပေမယ့် အရာမရောက်နိုင်ခဲ့တော့ပါဘူး ။ ဒီ”အပေးအယူ” ရုပ်ရှင်ကားအတွက် မျှော်လင့်ပြီး အားပေးနေတဲ့ ပရိတ်သတ်တွေကိုလည်း တောင်းပန်ပါတယ် ။ ဒီကားမှာ ဆက်ပြီးရိုက်ကူးဖို့ အဆင်မပြေတဲ့အတွက် ဒီကားမှာ မပါဝင်ဖြစ်တော့ပါဘူး ။

 

ကိုလင်းထွန်းနဲ့ တစ်ဖွဲ့သားလုံး ၊ စိတ်ရှည်ပြီး ညှင်ညှင်သာသာနဲ့ ဒဏ်ရာကို ချုပ်ပေးတဲ့ နေပြည်တော် Kaung Thit Specialist Hospital မှ ဒေါက်တာ ရဲဝင့်သူနဲ့ ဆရာမများ ၊ အနီးကပ် ပင်ပန်းခံပြီး အက်ရှင်တွေသင်ပြပေးတဲ့ အကိုကြီးတွေ ရှုတင်မန်နေဂျာ အစ်ကိုကြီးတွေနဲ့ ရှုတင် စက်အဖွဲ့သားများအားလုံး ၊ ရှုတင် လာကြည့်ရင်းနဲ့ ဝိုင်းဝန်းကူညီ ဆေးရုံပို့ပေးကြတဲ့ နေပြည်တော်ကချစ်ပရိတ်တွေရော ၊ စိတ်ပူပြီး အခန်းထိ လူနာလာမေးကြတဲ့ အကိုအမတွေရော ၊ ဒီဇာတ်ကားမှာ ပါဝင်တဲ့ အနုပညာ မောင်နှမတွေရော

လမ်းလျှောက်ဖို့ အဆင်မပြေတဲ့အတွက် Wheel Chair စီစဉ်ပေးတဲ့ Mingalar Thiri Hotel, Nay Pyi Taw ကိုရော ကျေးဇူးအများကြီး တင်ပါတယ်ရှင့် ။

အခက်အခဲတွေ ဒဏ်ရာတွေဘယ်လိုရရ စိတ်ဓာတ်မကျ နောက်မဆုတ်ပေမယ့် ဒီကားမှာ ဆက်ပြီး ပါဝင်ခွင့်မရတာ တစ်ခုကိုဘဲ အဖွဲ့သားတွေနဲ့ ပရိတ်သတ်တွေအပေါ် တာဝန်မကျေသလို ခံစားမိပြီး အနူးအညွတ်တောင်းပန်ပါရစေရှင့် ။ Behind The Scene ကိုတော့ ဒီလင့်မှာ ကြည့်နိုင်ပါတယ်လို့ ရေးသား ဖော်ပြထားပါတယ် ။

Your email address will not be published. Required fields are marked *