ကိုရီးယားမင်းသားချောလေးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတဲ့ နန်းဆုဦး - Burmese.Asia
ကိုရီးယားမင်းသားချောလေးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတဲ့ နန်းဆုဦး - Burmese.Asia

ကိုရီးယားမင်းသားချောလေးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတဲ့ နန်းဆုဦး - Burmese.Asia

Burmese.Asia

Burmese.Asia

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုဦးကတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခကင်မှုတွေကို ရရှိထားသူလေးပါ..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းပြီး အနေအေးတဲ့ သူမရဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေတာလည်း ဖြစ်ပါတယ်..။

ချစ်ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ နန်းဆုဦးကတော့ လတ်တလောမှာလည်း တောင်းကိုရီးယားနိုင်ငံရဲ့ မော်လ်ဒယ်မင်းသားချောလေးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အတူတွဲဖက်ရိုက်ကူးနေတာ တွေ့ရပါတယ်..။

တောင်ကိုရီးယားမင်းသားချောလေး မာဝမ်ဝူးနဲ့အတူ ပူတာအိုဘက်မှာ ဇာတ်ကားရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း နန်းဆုလေးက ချစ်ပရိသတ်တွေကို အလွမ်းပြေလေး မျှဝေထားပါသေးတယ်..။

နန်းဆုဦးနဲ့ တောင်ကိုရီးယားအင်းသားချောလေး မာဝမ်ဝူးတို့ရဲ့ “ရင်ဝှက်အက္ခရာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင် ရဲအောင်၊ ထွန်းကိုကို၊ ကိုရီးယား မင်းသားချောလေး မာဝမ်ဝူး၊ ခင်ဇာခြည်ကျော်၊ နန်းဆုဦး၊ ဆုမြတ်နိုးဦးတို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်နော်..။

ရိုမန်တစ် အချစ်ဇာတ်လမ်းလေးကို အခြေခံရိုက်ကူးသွားမယ့် “ရင်ဝှက်အက္ခရာ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ မီရှဲလ်နဲ့ အောင်ကိုလတ်တို့မှ တည်းဖြတ်ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်နော်..

Your email address will not be published. Required fields are marked *