မင်္ဂလာသတင်းကြားရဖို့ မကြာတော့ဘူးဆိုတဲ့ နေတိုးအကြောင်း ပြောပြလာတဲ့ နှင်းဆီအဖွဲ့သားများ
မင်္ဂလာသတင်းကြားရဖို့ မကြာတော့ဘူးဆိုတဲ့ နေတိုးအကြောင်း ပြောပြလာတဲ့ နှင်းဆီအဖွဲ့သားများ

ပရိသတ်တွေကို တသောသော ရယ်မောစေနိုင်သော ဟာသလူပြက်တွေအဖြစ် တစ်နှစ်မှာ တကြိမ်နှင်းဆီအငြိမ်မှာ တဖက်တလှမ်းကနေ အမြဲကပြ ဖျော်ဖြေလေ့ရှိတဲ့ နှင်းဆီအငြိမ့် အဖွဲ့သားတွေဖြစ်ကြ သော မင်းသား နေတိုး၊ ထွန်းထွန်း၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို နဲ့ ရဲလေး တို့ဟာ အပြင်လောကမှာလည်း ညီအကိုရင်းလို ချစ်ခင်ရင်းနှီးကြသူတွေဖြစ်ကြပါတယ်။

မင်းသား နေတိုး၊ ထွန်းထွန်း၊ မင်းမော်ကွန်း နဲ့ ကျော်ကျော်ဗို တို့ကို ပွဲတစ်ခုမှာ အတူတူ မြင်တွေ့ရချိန်မှာတော့ ညီအကိုလိုခင်မင်တွေအကြောင်း နဲ့ပတ်သက်လို့ ဖြေကြားခဲ့ပြီး ဒီနှစ်မှာ ဇာတ်ပို့အကယ်ဒမီဆုရရှိခဲ့တဲ့ ကိုကြံ(ကျော်ကျော်ဗို) အတွက်ကိုလည်း အားလုံးက အတူတူဂုဏ်ပြုပေးခဲ့ပါတယ်။ နှင်းဆီအဖွဲ့သားတွေ ရဲ့အမှတ်တရတွေအနေနဲ့ ဆင်တူလူပြက်ဝတ်စုံလေးတွေနဲ့ အတူ ဆင်တူရွှေရင်ထိုးလေးတွေကို ယနေ့တိုင် တန်ဖိုးထားကာ သိမ်းထားခဲ့ကြောင်းဆိုခဲ့ပါတယ်။

မိန်းမမရသေးတဲ့ နေတိုး နဲ့ ထွန်းထွန်းကို အိမ်ထောင်ကျသွားပြီဖြစ်တဲ့ ကိုကြံ့ နဲ့ မင်းမော်ကွန်းက ဆေးပေးမီးယူအတည်တကျ ယူစေချင်ပြီဖြစ်သော်လည်း မင်းသား နေတိုးကတော့ သူ့ရဲ့မင်္ဂလာသတင်းကြားရဖို့ အရမ်းကြီးမလိုတော့ဘူးဆိုထားသလို ထွန်းထွန်းကတော့” ဝေးပါသေးတယ်၊ မိန်းမထဲမှာ မတွေ့ရင်ယောက်ျားထဲမှာ ယူပါမယ်”လို့ စနောက်ကာ ဆိုလိုက်ပါသေးတယ်။ ပရိသတ်ကြီးကော နေတိုးနဲ့ ထွန်းထွန်းကို အိမ်ထောင်ပြုစေချင်ပြီလား..။

Video ကြည့်ရန်

နှင်းဆီအဖွဲ့ က လူပျိုကြီး (၂) ယောက် စွံတော့မှာလား ?

"ဆင်တူပစ္စည်းဆိုရင် အငြိမ့်ဝတ်စုံ နဲ့ နှင်းဆီရင်ထိုးလေးပဲ ရှိတယ်။ မိန်းမယူဖို့ အချိန်တန်နေပြီ။ သရုပ်ဆောင်လုပ်တာက လွဲရင် ကျန်တာ ဝါသနာမပါဘူး" လို့ ပြောလာတဲ့ သရုပ်ဆောင် နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း တို့ နှင်းဆီအဖွဲ့ နှင့် ခဏတာ။Myanmar Celebrity Update: Actor Nay Toe, Min Maw Kon, Kyaw Kyaw Bo & Tun Tun talk about their friendship … #NayToe #MinMawKon #KyawKyawBo #TunTun

Posted by Myanmar Celebrity on Friday, 29 March 2019

source: Myanmar Celebrity video

YOUR REACTION?