ညစာစားပွဲမှာ သီချင်းအတူဆိုရင်းကြည်နူးနေတဲ့ နေတိုးနဲ့ရွှေကစ်
ညစာစားပွဲမှာ သီချင်းအတူဆိုရင်းကြည်နူးနေတဲ့ နေတိုးနဲ့ရွှေကစ်

Burmese.asia

Media News & Entertainment

ဒီ ၂၀၁၈ အကယ်ဒမီပေးပွဲကြီးဟာ ဘယ်လိုပဲဝေဖန်သံတွေမကျေနပ်သံတွေဆူညံစွာနဲ့ ပြီးဆုံးသွားခဲ့လည်း အကယ်ဒမီရလိုက်တဲ့ လူတွေကတော့ ဂုဏ်ယူစွာနဲ့ပျော်ရွှင်နေကြတာပါပဲ။ ကျော်ကျော်ဗိုလ်ဟာလည်း အမျိုးသားဇာတ်ပို့ဆုကို မုန်းစွဲနဲ့ ထိုက်တန်စွာဆွတ်ခူးရရှိခဲ့တာကြောင့် အပျော်ကြီးပျော်နေပါတယ်။ ကျော်ကျော်ဗိုလ်ကို ဂုဏ်ပြုတဲ့ ဂုဏ်ပြုညစာစားပွဲကို အနုပညာလောကထဲက ချစ်သူခင်သူတွေက တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

ညစာစားပွဲကိုတက်ရောက်လာသူတွေထဲမှာ နေတိုးနဲ့ ရွှေကစ်လေးအပြင် နေတိုးရဲ့ ဒီဇိုင်နာမင်းသက်စံနဲ့ အခြားသောရင်းနှီးတဲ့မိတ်ဆွေတွေလည်းတက်ရောက်ပြီးပျော်ရွှင်နေခဲ့ကြပါတယ်။ ဝတ်မှုန်ရွှေရည်က အစောကတည်းက ရောက်ရှိနေတာဖြစ်ပြီး နေတိုးကတော့ နောက်မှရောက်လာတာလို့သိရပါတယ်။နေတိုးဟာ ဒီနှစ်အကယ်ဒမီနဲ့လွဲချော်ခဲ့ပေမယ့် ဘာမှသိပ်ပြီးခံစားရပုံမရပဲ အေးအေးလူလူနဲ့ပျော်ရွှင်နေတာတွေ့ရပါတယ်။ ဝတ်မှုန်ရွှေရည်ကိုလည်း ပရိသတ်တွေက အကယ်ဒမီမှန်းခဲ့ကြပေမယ့်လည်းပဲအကယ်ဒမီက ရွှေကစ်နဲ့လွဲခဲ့ရပါတယ်။ ဒါပေမယ့် ကိုနေတိုးနဲ့ ရွှေကစ်လေးကတော့ သိပ်အများကြီးမခံစားပဲ အတူတူပျော်ရွှင်နေကြတာကိုမြင်ရပါတယ်။

ကျော်ကျော်ဗိုလ်နဲ့ သူ့ဇနီးက အတူတူသီချင်းတွေဆိုပြီးသွားတဲ့နောက်မှာ နေတိုးက သီချင်းတစ်ပုဒ်နဲ့ဖျော်ဖြေခဲ့ပြီးနောက်မှ ကစ်ကို ပရိသတ်က သီချင်းဆိုဖို့တောင်းဆိုကြတာကြောင့် ကစ်က message သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ကစ်က သီချင်းဆိုနေတုန်းမှာ နေတိုးက ဘေးကနေ ဖေးဖေးမမနဲ့ ပျော်ရွှင်စွာသီချင်းလိုက်ထိန်းဆိုပေးပြီး ကစ်ကဆိုရတာ အရှိန်ရသွားပြီဆိုတော့မှ လွှတ်ပေးလိုက်ပြီး ဘေးကနေ လက်ခုပ်တီးအားပေးနေခဲ့တာဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ကစ်နဲ့ နေတိုးရဲ့ သီချင်းအတူတူဆိုပြီးပျော်ရွှင်နေကြတဲ့ video လေးကို ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ကြီးရော ရွှေကစ်နဲ့နေတိုးကိုချစ်ကြလား။ သူတို့နှစ်ယောက်အတူတူတွဲပြီးသရုပ်ဆောင်တဲ့ဇာတ်ကားတွေကိုရော ထပ်ကြည့်ချင်ကြလား။ ရွှေကစ်နဲ့နေတိုးကိုနောက်နှစ်မှာရော အကယ်ဒမီရစေချင်ကြလား။ ပြောခဲ့ကြပါဦး။

Your email address will not be published. Required fields are marked *