ချစ်စရာကောင်းတဲ့ သမီးချောလေးကို ပွဲထုတ်ပြီး အကယ်ဒမီပေးပွဲ တက်ရောက်လာတဲ့ ခင်ဇာခြည်ကျော်
ချစ်စရာကောင်းတဲ့ သမီးချောလေးကို ပွဲထုတ်ပြီး အကယ်ဒမီပေးပွဲ တက်ရောက်လာတဲ့ ခင်ဇာခြည်ကျော်

အနုပညာလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များနေတဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲကို အလှဆုံးဖက်ရှင်နဲ့ တက်ရောက်ခဲ့ပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲမှာတော့ ခင်ဇာခြည်ကျော်ရဲ့သားကြီး ဘုန်းမင်းနေလက အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ခင်ဇာခြည်ကျော်က အကယ်ဒမီပေးပွဲကို သမီးလေးနဲ့အတူ တက်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ရိုးရှင်းပြီး ခေတ်မှီဆန်းသစ်တဲ့ ကာလာတူဖက်ရှင်တစ်မျိုးစီနဲ့ ပွဲတက်လာခဲ့ကြတဲ့ ခင်ဇာခြည်ကျော်တို့ သားအမိနှစ်ယောက်ကတော့ အလှတစ်မျိုးစီနဲ့ ပေါ်လွင်နေကြတာ တွေ့ရပါတယ်။ မေမေ ခင်ဇာခြည်ကျော်ကလည်း ပျိုမျစ်နုပျိုတဲ့အဆင်းနဲ့ လှပတင့်တယ်နေသလို သမီးငယ်လေး ထင်သစ္စာကလည်း နုနယ်ဖူးပွင့်စ ပန်းလေးတစ်ပွင့်ပမာ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ပွဲတက်ခဲ့တဲ့ သူတို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။

အခုလည်း မေမေ ခင်ဇာခြည်ကျော်က သမီးချောလေးနဲ့အတူ ပွဲတက်ခဲ့တဲ့ အကယ်ဒမီပေးပွဲက ပုံရိပ်တွေကို ပြန်လည်မျှဝေပေးထားပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ သားနဲ့သမီးနှစ်ယောက်လုံးက အချောလေးတွေဖြစ်ကြတာကြောင့် လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်တို့ သားအမိရဲ့ အကယ်ဒမီပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Khinzar Chikyaw Zar;

YOUR REACTION?