လူအ​ယောက်​တစ်​ရာစာ ထမင်းဟင်း​တွေကိုတည်​ခင်း​ကျွေး​မွေးခဲ့တဲ့ စူးရှထက်
လူအ​ယောက်​တစ်​ရာစာ ထမင်းဟင်း​တွေကိုတည်​ခင်း​ကျွေး​မွေးခဲ့တဲ့ စူးရှထက်

ပုရိ​သ​တွေရဲ့ အား​ပေးခြင်းကို ရရှိထားတဲ့ ​မော်​ဒယ်​​ချော​လေးစူးရှထက်​ဟာ အရင်​ထက်​ပိုပြီး အနုပညာအလုပ်​​တွေ ကို တစ်​စစတိုးပြီး လုပ်​ကိုင်​​နေတာ​တွေ့ရပါတယ်​။
စူးရှထက်တစ်ယောက် ဒီကနေ့မှာ ရရှိထားတဲ့ချွေးနှဲစာ အနုပညာကြေးလေးတွေနဲ့ ပရိသတ်တွေအတွက် အလှူတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါအကြောင်းအရာ ကို စူးရှထက်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာလည်းဖြစ်ပါတယ်။

Untitled-design-57

စူးရှထက်ဟာ ဒီကနေ့မနက် (၁၀) နာရီမှာ လူအယောက် (၁၀၀)စာ ထမင်းဟင်းများကို ပုသိမ်​ညွန့်​ ၆ လမ်းထိပ်​ မစန္ဒာထမင်းဆိုင်​မှာ တည်ခင်း ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။ စူးရှထက်တစ်ယောက် ထမင်းဟင်းတွေကို ကိုယ်တိုင် တည်ခင်းကျွေးမွေးဖို့ ပြင်ဆင်ပေးခဲ့ရုံသာမက ဘဲ ကိုယ်တိုင်ပါ ပါဝင်ချက်ပြုတ် ပြင်ဆင်ခဲ့တဲ့ မြင်ကွင်းလေးတွေဟာလည်း မြင်ရသူတိုင်း အတွက် စိတ်ကြည်နူးစရာပါ။ တစ်​​လောကလည်း အနုပညာ​ကြေး​လေးနဲ့ မိဘ​တွေကိုကန်​​တော့ခဲ့ပါ​သေးတယ်​ ။ စူးရှထက်​တစ်​​ယောက်​က​တော့ မိဘရို​သေပြီး အလှူအတန်း ရက်​​ရောတဲ့လူတစ်​​ယောက်​ပါဘဲ​နော်​။
ပရိသတ်​တွေလည်း စူးရှထက်တစ်ယောက်ဒီထက် ပိုမိုအောင်မြင်ပြီး အလှူတွေ များများ လုပ်နိုင်အောင် မှတ်ချက်ကနေ ဆုတောင်း ပေးခဲ့ကြပါဦး

Source – Zar Chi / U Mya Khing

YOUR REACTION?