တယောက်တအိမ်စီ အိမ်ငှါးနေရတာ ပိုက်ဆံပိုကုန်လို့ ချစ်သူကိုအိမ်မှာခေါ်ပြီး အတူတူနေတဲ့ဂျာမဏီသားလေး MIKIS - Padonmar
တယောက်တအိမ်စီ အိမ်ငှါးနေရတာ ပိုက်ဆံပိုကုန်လို့ ချစ်သူကိုအိမ်မှာခေါ်ပြီး အတူတူနေတဲ့ဂျာမဏီသားလေး MIKIS - Padonmar

တယောက်တအိမ်စီ အိမ်ငှါးနေရတာ ပိုက်ဆံပိုကုန်လို့ ချစ်သူကိုအိမ်မှာခေါ်ပြီး အတူတူနေတဲ့ဂျာမဏီသားလေး MIKIS - Padonmar

Padonmar

Knowledge is Power

မြန်မာနိုင်ငံကို ချစ်ပြီး Rap သီချင်းတွေ သီဆိုတဲ့ Miki’s ကတော့ အခု ဆိုရင် မြန်မာလူမျိုး ချစ်သူတစ်ယောက်ကိုတောင် ရရှိထားပြီ ဖြစ်သလို မြန်မာ ပရိသတ်ကြီး ကလည်း သူကို့ ချစ်ကြ တယ်လေ ။ အခု အကုန်သိ မီဒီယာနဲ့ အင်တာဗျူး တခုမှာ သူ့ချစ်သူနဲ့သူရဲ့အခြေနေလေး တချို့ကို ပြောပြသွား ခဲ့ပါတယ် ။

လူမျိုးမတူဘူးလေ ၊ ယဉ်ကျေးမှု မတူဘူးလေ၊ ဘာသာမတူဘူး အဲ့တာကြောင့် တစ်ခါတလေ ညှိစရာတွေ အများကြီး ရှိတယ် ။ ကျနော်တို့ အချင်းချင်း နားလည်မှုတွေ အများကြီး ရှိတယ် ။ အချစ်နဲ့ ပတ်သတ်ရင် အားလုံး ကျော်ဖြတ်နိုင်တယ်လေ ။ (စဉ်းစားလျက်) ကျနော်တို့ နှစ်ယောက်စလုံး ကြိုးစားရမယ် သူ့ဘာသာကို ထပ်လေ့လာ ရမယ် ။ သူကျနော့်ရဲ့ ဘာသာကို ပိုပြီး လေ့လာ ရမယ် ။ဒါပေမယ့် နှစ်ယောက်လုံး အတူတူ ကြိုးစားရင်း ၊ အတူတူ Respect ပေးရင်း အတူတူ နားလည်မှု ပေးရင်း နဲ့ဆို There will be no problem လေ ။ ဒါပေမယ့် I အခု ဘာနားလည် လာလဲ ဆိုတော့ ဂျာမဏီမှာ ဆိုရင် ချစ်ငူတွေ အတူတူနေတာ ၊ မင်္ဂလာမဆောင်ခင် အတူတူ နေတာ ဘာမှမဖြစ်ဘူး ။ ဒီမြန်မာနိုင်ငံ မှာကျ တခြား ဆီပဲ ။

 

ဒါပေမယ့် သူက မော်လမြိုင်က သူလေ။ သူက ရန်ကုန်မှာ နေတာကြာပြီ ။ နှစ်ယောက်လုံးက အိမ်ငှားနေရ တယ်လေ ပိုက်ဆံ ကုန်တယ် ။ နှမြောစရာကြီး အမြဲတမ်းအတူတူ ရှိချင်တယ်လေ နှစ်ယောက်စလုံး အိမ်ငှား ဆိုတော့ ပိုက်ဆံ ကုန်တယ်လေ ။ ကျနော်က အတူ ရှိချင်တယ် ဆိုတော့ သူကို ကျနော်ခေါ်ရတာ ဆိုတော့လေ ကျနော် သူ့ကို နည်းနည်း ဖိအားပေးလိုက်ပြီးမှာ ခေါ်လိုက်တော့ လည်း အားလုံး အရမ်း အဆင်ပြေ ပါတယ် ။

အတူတူ နေရတာ စိတ်ချမ်းသာတယ်။ အခုဆို ကျနော် ထမင်းချက်စရာ မလိုတော့ဘူး ဆိုတော့ အရမ်း အဆင်ပြေတယ် ။ လုံးဝ အိုကေတယ်။ ဒီလို Relationship မျိုး ကျနော့် ဘဝမှာ တစ်ခါမှ မရှိသေးဘူး အဲ့တာကြောင့် မို့ ခုနက ပြောခဲ့သလိုမျိုး နားလည်မှုနဲ့ အချိန်နဲ့ အားလုံးကို ကျော်ဖြတ် နိုင်တယ်။ပထမက ကျနော့်ဘောဒါ တစ်ယောက် ရှိတယ် ကောင်မလေး ရှိတယ် ပရိသတ်ကို မိတ်မဆက်နဲ့ မကောင်းဘူး ဘာညာနဲ့ ။ ဒါပေမယ့် တော်တော် သဘောကျကြတယ် ထင်တယ်။ ကျနော် လမ်းတခါ ထွက်လို့ရှိရင် ပြင်ဦးလွင် သွားတော့ ပရိသတ်တွေ အများကြီး လာဓာတ်ပုံ ရိုက်ကြတယ် ဆိုတော့ ကျနော် ဝမ်းသာ တယ်လေ ။ ကျနော်ဝမ်းသာတယ်လေ ။

ကျနော်ဝမ်းသာတာက သူက မိန်းခလေး ဖြစ်ပေမယ့် Cele မဖြစ်ချင်ဘူး ။ သူက အေးချမ်းတဲ့ ဘဝကိုသဘော ကျတယ် ။ Mikis လည်း အတူတူပဲ သူများတွေနဲ့ လွဲသွားတယ် ထင်တယ် ။ ကျနော် မြန်မာနို်င်ငံကမှာ Cele ဖြစ်တာ လုံး ။ ရည်ရွယ်ချက် မရှိတော့ဘူးလေ ။ ကျနော် အနုပညာက အရင်ကတည်းက လုပ်တာလေ ။ မြန်မာပြည်မှာ အခု ပေါက်သွားတယ် အဲ့တာ မြန်မာစကား ပြောတတ်တာကြောင့် ဖြစ်နေတယ် ထင်တယ် ။ ကျနော် သဘော ကျတယ် ။ ဆိုပြီး ပြောပြသွားခဲ့ ပါတယ် ။

Your email address will not be published. Required fields are marked *