ဦးနဲ့ က လေးရဲ့ အချစ်တွေကို ဖော်ထုတ်လိုက်ပြီ ဖြစ်တဲ့ ခန့်စည်သူနဲ့ ယဉ်လတ်
ဦးနဲ့ က လေးရဲ့ အချစ်တွေကို ဖော်ထုတ်လိုက်ပြီ ဖြစ်တဲ့ ခန့်စည်သူနဲ့ ယဉ်လတ်

Zawgyi

ဦးနဲ့ ကလေးရဲ့ အချစ်တွေကို ဖော်ထုတ်လိုက်ပြီ ဖြစ်တဲ့ ခန့်စည်သူနဲ့ ယဉ်လတ်

အကယ်ဒမီ ခန့်စည်သူနဲ့ အက်ရှင် မင်းသမီးလေး ယဉ်လတ်တို့ နှစ်ယောက်ရဲ့ ကြည်နူးစရာ အချစ် ဇာတ်လမ်းလေးဟာ မကြာခင်မှာပဲ ပရိသတ်တွေ ရှေ့ကို ရောက်ရှိ လာတော့ မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲ မှာတော့ ဦးနဲ့ ကလေးရဲ့ ချစ်ခြင်း မေတ္တာတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး အသက်ကြီးကြီး ဦးလေးကြီးနဲ့ ချစ်စရာ ကောင်းတဲ့ သွက်သွက် လက်လက် အရွယ် ကလေးတို့ရဲ့ အချစ် ဖြစ်ပေါ် လာပုံလေးကို ရင်ခုန်ချင် စရာ ရိုက်ကူးထားတာ ဖြစ်လို့ ပရိသတ်တွေ လည်း ကြည့်နေရင်းနဲ့ ကြည်နူး ရမှာ အသေအချာ ပါပဲ ။

ခန့်စည်သူ တစ်ယောက် လူပျိုကြီး ပန်းမွှေး အဖြစ်နဲ့ သရုပ်ဆောင် ထားပြီး ယဉ်လတ် ကိုတော့ အပျိုလေး စွာတေး အဖြစ်နဲ့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ နှစ်ယောက်သား ဘယ်လို တွေ Ro ဆန်ပြီး ပရိသတ်တွေကို အသည်းယားအောင် လုပ်ဦးမလဲ မသိဘူးနော် ။ သူမတို့ နှစ်ယောက်ရဲ့ ရိုက်ကွင်း ပေါ် က နှစ်ယောက် အတူတူ ရင်ခုန် ကြည်နူးဖွယ် စက်ဘီးစီးနေတဲ့ ဇာတ်ဝင်ခန်း ပုံရိပ်လေးကို ယဉ်လတ်က သူမရဲ့ လူမှုကွန်ယက် ကနေ တဆင့် ဝေမျှ လိုက်တာပဲ ဖြစ်ပါတယ်။

သူမတို့ နှစ်ယောက်ရဲ့ ပုံရိပ်လေးကို ” လူပျို ကြီး ပန်းမွှေးနဲ့ အပျိုလေးစွာတေး ဖြစ်ခဲ့စဉ် ကလေး နဲ့ ဦး ၊ Lol ဒီကားလေး ကြည့်ရ ပါတော့မယ်နော် မျက်ခြယ် ရုပ်ရှင် ထုပ်လုပ်ရေး ကနေ ဖြန့်ချီ မှာပါနော်အားပေး ကြည့်ရှုပေးကြ ပါဦးနော် အားလုံးကို အရမ်းချစ်ပါ တယ်နော် ပုံ ချစ်ရပါသော ကလေး ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ကားလေး ထွက်လာရင် ပရိသတ်ကြီးလည်း အားပေးလိုက် ပါဦးနော်။

Photo – Yin Let, Crd – Myanmarload

YOUR REACTION?