နောက်​ထပ် စူပါဟီးရိုး ဝတ်​စုံနဲ့ ပွဲထပ်​တက်​ဦးမယ့်​ စည်​သူပလပ်​ကျွတ်
နောက်​ထပ် စူပါဟီးရိုး ဝတ်​စုံနဲ့ ပွဲထပ်​တက်​ဦးမယ့်​ စည်​သူပလပ်​ကျွတ်

အမြင်ဆန်းတဲ့​​ဖက်ရှင်တွေကိုသာ ဝတ်ဆင်တတ်တဲ့ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် စည်သူပလပ်​ကျွတ်​ က အနုပညာလောကမှာတော့ နေရာတစ်နေရာ ရထားပြီးသူတစ်ဦးဖြစ်ပါတယ်။ စည်သူပလတ်​ကျွတ်​ကသူများတကာ ဖက်ရှင်အဆန်းတွေကိုသာ ဝတ်ဆင်​လေ့ရှိတာကြောင့် ပရိသတ်တွေရဲ့​ဝေဖန်​မှုကို ပြင်းစွာခံရတဲ့သူလဲ ဖြစ်ပါတယ်။

စည်သူပလတ်ကျွတ်က အခုနောက်ပိုင်းမှာ အမိုက်စား စူပါဟီးရိုးဝတ်စုံတွေနဲ့ ပွဲအခမ်းအနားတွေကို တက်ရောက်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းခံနေရပါတယ်။ ဒါပေမယ့်လဲ စည်သူပလတ်ကျွတ်က စူပါဟီးရိုး ဝတ်​စုံ​တွေက သူ့ကို ယုံကြည့်​မှုပိုရှိ​စေတယ်​ဟုဆိုကာ ဝတ်​ဆင်​မြဲ ​ရှိဆဲပါ။

ဖက်ရှင်အဆန်းတွေ ကြိုက်နှစ်သက်တဲ့ စည်သူပလတ်ကျွတ်က အခုတစ်ခေါက်မှာလဲ စူပါဟီးရိုး ဝတ်​စုံကိုဝတ်​ဖို့ရှိ​သေးတယ်​တဲ့​နော်​။
အဲ့ဒါကတော့ နောက်လထဲမှာ DC Studio က Superhero တစ်ယောက်ရဲ့ ဝတ်စုံကို ဝတ်မယ်လို့ ပြောထားပါတယ်။
စည်သူပလတ်ကျွတ်က "နောက်​လထဲမှာ DC ထဲက Hero ပုံစံဝတ်​ဖို့ရှိပါတယ်​။ဘာHero လဲဆိုတာတော့မပြောတော့ပါဘူး စောင့်​ကြည့်​ပေးပါ အားလုံးကိုကျေးဇူးတင်​ပါတယ်​ဗျ" ဆိုပြီးသူ့ရဲ့ဖေ့စ်ဘုတ်မှာ ပြောထားပါတယ်။


Source စည်​သူ ပလတ်​ကျွတ်

YOUR REACTION?