ကျန်​ရှိတဲ့ဘဝတစ်​​လျောက်​လုံးကိုသီချင်း​ဆွေနဲ့ဘဲဖြတ်​သန်း​တော့မယ့်​ မီမီဝင်း​ဖေ
ကျန်​ရှိတဲ့ဘဝတစ်​​လျောက်​လုံးကိုသီချင်း​ဆွေနဲ့ဘဲဖြတ်​သန်း​တော့မယ့်​ မီမီဝင်း​ဖေ
တစ်​ချိန်​က အသံချိုချို ​အေး​အေး​လေး​တွေဖြင့်​ပရိတ်​သတ်​ရင်​ထဲ အ​ရောက်​လှမ်းလာနိုင်​ခဲ့သူပါ။အ​နေ​အေးပြီးရိုးရှင်းတဲ့ 
မီမီဝင်းဖေတစ်ယောက် သူမရဲ့ သီချင်းအေးအေးလေးတွေက အခုအချိန်ထိ ပရိတ်သတ်တွေလက်ခံအားပေးနေကြတဲ့အတွက် ပြန်ဆိုတေးအဖြစ်ဖြင့် ​နေရာရတုန်းပါဘဲ။ဝါရင့်အဆိုတော်တစ်ဦးဖြစ်တဲ့ မီမီဝင်းဖေကတော့ မိဘတွေရဲ့ကျန်းမာရေးကြောင့် အမေရိကန်နိုင်ငံမေရီလန်းမြို့မှအခြေချခဲ့ရပြီး ​လက်ရှိ အချိန်မှာတော့ မြန်​မာပြည်​ကို ပြန် ရောက်နေပြီဖြစ်ပါတယ်။
သူမချစ်တဲ့ သီချင်းတွေ နဲ့အတူပြန်လည်နီးစပ်ခွင့်ရလို့ မမီရဲ့ ဘဝ​လေးကို ပြန်​ရသလို ခံစားရတယ် လို့ တေးသံရှင်မီမီဝင်းဖေက ပြောပါ တယ်။ မမီဘဝက တစ်​သက်​လုံးသီချင်း​တွေ နဲ့ပဲ ဖြတ်​သန်းလာခဲ့တာဖြစ်ပြီး နောင် လည်း သီချင်းတွေနဲ့ပဲဖြတ်သန်းသွား မှာဖြစ်တယ်လို့သိရပါတယ် ။ လက်ရှိ ‘လွန်​ဆန်​နိုင်​မလားအချစ်​’ လို့ အမည်ပေးထားတဲ့ စုံတွဲတေးစီးရီး ကို သူမက ကိုဘိုဖြူနဲ့အတူတူ ပထမဆုံး ဆိုဖြစ်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ဇန်​နဝါရီလ၁၉ ရက်​​က လှိုင်း​တေးသံသွင်းက​နေဖြန့် ချီပြီး ကိုထီး(စိုင်းထီးဆိုင်​) မ Lခွန်းရီတို့နဲ့ ဆရာစိုင်းခမ်းလိတ်​သီချင်း​တွေ လုပ်​ခဲ့တာ​တွေရှိတယ်​လို့လည်းပြောပြခဲ့ပါတယ် ။
သူမက ကိုထီးရဲ့တပည့်​အရင်း​ခေါက်​​ခေါက်​ဖြစ်ပြီး သူမ ကိုဒီလမ်း​ကြောင်း​ပေါ်​ရောက်​​အောင်​ဆွဲထုတ်​​ပေးတဲ့သူ​တွေထဲမှာ ကိုထီးကလည်း အများကြီးလုပ်​​ပေးခဲ့တဲ့ အဆို​တော်​ကြီးတစ်​​ယောက်​ ဖြစ်သလို မမီရဲ့ဆရာ​ပါလို့ပြောပြခဲ့ပါတယ် ။ ကိုထီး မရှိ​တော့တဲ့နောက်ပိုင်း ကိုဘို ဖြူနဲ့ သူတို့သီချင်းတွေပြန်လုပ်ဖို့ ခဏ ခဏ​ပြောဖြစ်​တယ်​။မမီကလည်း ဒီသီချင်း​တွေကြိုက်​တဲ့သူ ကိုဘိုဖြူ ကလည်း ကြိုက်​တဲ့သူဆိုတော့ အခုလိုဖြစ်​​မြောက်​​အောင်​ထုတ်​​ပေးတဲ့ ပရိုဂျုဆာရှိတဲ့အချိန်​မှာ ထုတ်​ဖြစ်​သွားခဲ့တယ်”လို့မီမီဝင်း​ဖေက ​ပြောပြပါတယ်​။ ဒီအခွေမှာ တေး သီချင်း၁၄ ပုဒ်ပါဝင်ပြီး ဘိုဖြူငါးပုဒ် မီမီဝင်းဖေငါးပုဒ်သီဆိုကာ စုံတွဲ တေး သီချင်းလေးပုဒ်သီဆိုထားသည်ဟု သိရပါတယ်။
Source : myanmar note
YOUR REACTION?