မွေးနေ့မှာ ခန္ဓာကိုယ်နဲ့မျက်ကြည်လွှာ လှူဒါန်းလိုက်တဲ့ သရုပ်ဆောင် အိစိကွေး
မွေးနေ့မှာ ခန္ဓာကိုယ်နဲ့မျက်ကြည်လွှာ လှူဒါန်းလိုက်တဲ့ သရုပ်ဆောင် အိစိကွေး

ကလေးသရုပ်ဆောင်ဘဝထဲက သရုပ်ဆောင်ပီပြင်လွန်းလို့ ပရိသတ်တွေ ရဲ့ အားပေးမှုများစွာရရှိထားတဲ့သရုပ်​​ဆောင်​အိစိကွေးလေးကတော့ အခုဆိုအရွယ်​​ရောက်​ကာ တက္ကသိုလ်​ ​ကျေားင်း သား​လေးဖြစ်နေပါပြီ ။ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ဆောင်နေပြီး ဇာတ်လမ်းတွဲ တွေလည်း ရိုက်ကူးလျက်ရှိပါတယ် ။ ပရိသတ်တွေချစ်ခင်ရတဲ့ ကလေးသရုပ်ဆောင် အိစိကွေးကတော့ အခုချိန်ထိ ငယ်ငယ်ကလို သရုပ်ဆောင်ကောင်းတဲ့ မင်းသားလေးဖြစ်ရပ်တည်​​နေဆဲပါပဲနော် ။

Untitled-design-57

ဇန်န၀ါရီလ ၂၁ ရက်နေ့ကတော့ အိစိကွေးရဲ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ် ။ အိစိကွေးကတော့ မွေးနေ့မှာ မွန်မြတ်ဖြူစင်တဲ့အလှူလေးတွေကို ပြုလုပ်ခဲ့ပါတယ် ။

မွေးနေ့လေးမှာ ဆွမ်းလောင်းတယ် ခန္ဓာကိုယ် လှူတယ် မျက်ကြည်လွှာ လှူတယ်ဦးမောင်ရဲ့ နာရေးကူညီမှုအသင်းအတွက် အလှူငွေ ၃ သိန်းလှူဒါန်းဖြစ်ခဲ့ပါတယ် နတ်လူ သာဓုခေါ်နိင်ပါစေ လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားထားတာတွေ့ရပါတယ် ။ ဒါအပြင် လူလောကထဲကို ခေါ်ဆောင်လာခဲ့တဲ့ အဖေနဲ့အမေကိုကျေးဇူးတင်ပါတယ်ဆိုတဲ့စာသားနဲ့အတူ မွေးနေ့အလှူပုံရိပ်တွေကိုလည်း ပရိသတ်ကိုမျှဝေထားပါတယ်။

အိစိကွေးတစ်ယောက် မွေးနေ့ကစ၍ သက်ရှည်ကျန်းမာပြီး ​​ရှေ့ဆက်​လုပ်​ကိုင်​ကိုင်​မယ့်
အနုပညာအလုပ်တွေလည်း ဒီထက်မကအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

Source : Eisi Kway

YOUR REACTION?